back

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေ

Mar 11 • 4:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေ

မတ်လ ၁၀ရက်တွင်မွန်ပြည်နယ် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး (East - West Economic Corridor) ပေါ်ရှိ အတ္ထရံတံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းခွင်ရှိ တံတားတည်...

မတ်လ ၁၀ရက်တွင်မွန်ပြည်နယ် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး (East - West Economic Corridor) ပေါ်ရှိ အတ္ထရံတံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းခွင်ရှိ တံတားတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းအစီအစဉ်များကိုဆက်လက်ဆောင်ရွက်နေပါတယ်။အတ္ထရံတံတား အဟောင်းသည် သက်တမ်းကြာမြင့်ပြီဖြစ်၍ ခံနိုင်ဝန်အား လျော့နည်းလာခြင်းကြောင့် အတ္ထရံတံတားအသစ်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ သက်သာသောအတိုးနှုန်းချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တံတားအမျိုးအစားသည် သံမဏိကြိုးဆိုင်းတံတား (Cable-Stayed Bridge) ဖြစ်ကြောင်း၊ တံတားအရှည် ၁၅၇၅ ပေ၊ ယာဉ်သွားလမ်းအကျယ် လေးလမ်းသွားနှင့် ရေလမ်းကင်းလွတ်အမြင့်ပေ ၄၀၊ ရေလမ်းကင်းလွတ် အကျယ် ပေ ၄၀၀ ရှိကာ တံတား၏ ခံနိုင်ဝန် သည် ယာဉ်တစ်စီးချင်းတန် ၆၀ ဖြစ်ပါတယ်။





news-view-count-icon

25