မြန်မာ့ဘောက်ဆင်ကော်မရှင်(Myanmar Boxing Commis sion(MBC)က ကျင်းပပြုလုပ်သည့် PBM4 ပြိုင်ပွဲတွင် တွဲဆိုင်း (၇)ဆိုင်း ပါဝင်ထိုးသတ်သွားမည်ဖြစ် ကြောင်း သိရပါတယ်။အဆိုပါ ပြိုင်ပွဲအား ယခုမတ်လ (၁၅) ရက်၊ မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ရိုးရာလက်ဝှေ့ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ပြိုင်ပွဲအတွင်း Main Event တွဲဆိုင်းအဖြစ် ဗန်လုထောင် နှင့် ဖြိုးသူအောင်တို့တွဲဆိုင်းပါဝင်မည်ဖြစ်ကာ Co-Main Event ပွဲစဉ်တွင် ဆဲလ်မွဲလ်ကျုံး နှင့် ရေမွန်းဒိုတို့အပြင် အခြားတွဲဆိုင်း(၅)ဆိုင်း ပါဝင်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပါတယ်။
Mar 11 • 4:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


