မြန်မာနိုင်ငံနယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၀ရက်နေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပရာဥပဒေရေးရာဟောပြောပွဲ၌ သင်တန်းဆင်းဝန်ထမ်းများက“မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ” နှင့်“ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ရေး အက်ဥပဒေ” တို့ကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက “အွန်လိုင်းအသုံးပြုလိမ်လည်မှု (Cyber Scam)နှင့်လောင်းကစားမှု (Online Gambling) များ တားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာ” တို့ကိုလည်းကောင်း ဆွေးနွေးပြောကြားမှုများလုပ်ခဲ့ပြီးနယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၂) သင်တန်းကို မတ် ၃ ရက်တွင် သင်တန်းသား သင်တန်းသူ ၂၀ ဖြင့် ရက်သတ္တတစ်ပတ်ကြာ စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲဧရာဝတီခန်းမ၌ကျင်းပခဲ့
Mar 11 • 1:28 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


