Media Partnership Signing Ceremony နှင့် MFF U-19/ U16 Futsal Youth League 2025 ပြိုင်ပွဲများ ပွဲစဉ် ရေးဆွဲပွဲ အခမ်းအနား ကို မတ် ၂၃ ရက်နှင့် မတ် ၂၄ ရက်များတွင် စတင်ကျင်းပမည် ဖြစ်ရာ ယင်းပြိုင်ပွဲများအတွက် ပွဲစဉ်ဇယားရေးဆွဲပွဲ အခမ်းအနားကို သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင်မတ်လ ၁၁ ရက် နေ့လယ် ၁ နာရီ အချိန်မှာကျင်းပသွားမှာဖြစ်ပါတယ်။ MFF U-19 Futsal Youth League 2025 နှင့် MFF U-16 Futsal Youth League 2025 ပြိုင်ပွဲများတွင် အသင်းပေါင်း ၁၂ စီ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကာMFF U-19 Futsal Youth League 2025 ပြိုင်ပွဲကို မတ်လ ၂၄ ရက် (တနင်္လာနေ့)မှ စက်တင်ဘာ ၂၀ ရက်အထိ အပတ်စဉ် စနေနေ့တိုင်း MFF Futsal Stadium တွင် လည်းကောင်း MFF U-16 Futsal Youth League 2025 ပြိုင်ပွဲကို မတ် ၂၃ ရက်မှ စက်တင်ဘာ ၂၁ ရက် အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တောင်ဒဂုံ ဖူဆယ် အားကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်ပါတယ်။
Media Partnership Signing Ceremony နှင့် MFF U-19/ U16 Futsal Youth League 2025 ပြိုင်ပွဲများ ပွဲစဉ် ရေးဆွဲပွဲ အခမ်းအနားကျင်းပမည်
Mar 11 • 1:25 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


