၁၃၈၆ ခုနှစ် တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မတ်လ ၁၀ရက်နေ့နံနက်ပိုင်းကကျင်းပခဲ့ပါတယ်။တိုင်းရင်းဆေးပညာ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ယခင်က တိုင်းရင်းဆေးပညာ ဒီပလိုမာချီးမြှင့်ခဲ့ရာမှ နိုင်ငံတော်က ၂၀၀၂ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်၍ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့အထိ အဆင့်ဆင့်တက်လှမ်းနိုင်ရန် စဉ်ဆက်မပြတ် အလေးထားပံ့ပိုးလျက်ရှိ၊ တိုင်းရင်းဆေးပညာကဏ္ဍကို ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်စေရန် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်” စသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသော ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများတွင် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပါဝင်တက်ရောက်ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးသမားတော်များအနေဖြင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ၏ ဂုဏ်ပုဒ်မြင့်အောင် အရှိန်အဟုန်ဖြင့် ကြိုးစားကြရမည်ဖြစ်ပြီး အားလုံးဝိုင်းဝန်းကြံဆ၍ မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုတိုးတက်အောင် ခေတ်စနစ်နှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကြီးသည် တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်ပြီး အောင်မြင်တိုးတက်ရန်ကြိုးစားသင့်ကြောင်းဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ (တပေါင်းလပြည့်နေ့) အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့
Mar 11 • 1:38 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


