အနုပညာဦးစီးဌာန အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြ ပဒေသာကပွဲကို မတ်လ ၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပခဲ့သည်။ပန်းချီပန်းပုဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးနှင့် ပန်တျာဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့အား အောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။



