back

တာချီလိတ်မြို့နယ် ရေဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Mar 10 • 4:47 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့နယ် ရေဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တာချီလိတ်မြို့၌ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဒေသ/ပြည်သူအခြေပြု ...

တာချီလိတ်မြို့၌ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဒေသ/ပြည်သူအခြေပြု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ကောင်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် လိုအပ်လျက်ရှိသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်ရေးဆွဲခြင်း၊ ဘေးအန္တရာယ်ဆန်းစစ်ချက်အနက် ပျက်စီးဆုံးရှုံးမှုအတွက် ထိတွေ့နိုင်ခြေဆန်းစစ်ချက်များ ဖော်ထုတ်ခြင်းအပြင် မြို့နယ်အရေးပေါ်တုံ့ပြန်ရေး (TERP- Township Emergency Response Plan) လုပ်ငန်းစဉ်များကို မတ် ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါသည်။



news-view-count-icon

21