မလေးရှားနိုင်ငံမှ MEGA FORTRIS ထုတ်လုံခြုံရေးပစ္စည်းများအား မြန်မာနိုင်ငံသို့တင်ပို့နိုင်ရန် မလေးရှားနိုင်ငံဆိုင်ရာ MEGA FORTRIS ဥက္ကဋ္ဌ Dato’ Nick Ng တို့ဆွေးနွေးခဲ့ကြသည်။မြန်မာသံအမတ်ကြီးမှ MEGA FORTRIS ဥက္ကဋ္ဌ Dato’ Nick Ng ၏ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ လုံခြုံရေးပစ္စည်းများ ထုတ်လုပ်သည့် MEGA FORTRIS စက်ရုံသို့ မတ် ၇ ရက်နံနက်ပိုင်းက သွားရောက်လေ့လာခဲ့သည်။ထိုသို့ လေ့လာပြီးနောက် MEGA FORTRIS ဥက္ကဋ္ဌ ၊ စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ MEGA FORTRIS ထုတ်လုံခြုံရေးပစ္စည်းများကို မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့တင်ပို့နိုင်မည့် အလားအလာများ၊ နှစ်နိုင်ငံကြားကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအား ဆွေးနွေးခဲ့ကြပါသည်။



