ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။အရေးယူခံရသည့် ပုံနှိပ်သူနှင့် ထုတ်ဝေသူ (၂) ဦးမှာ ဒေါ်သိမ့်ရတီနှင့် ဒေါ်နှင်းပိုပိုအောင်တို့ဖြစ်ပြီး စာရေးသူများမှာ ဖူးငုံခင်၊ V Vkit၊ Ta Yaw နှင့် Yellow၊ SH-ONE တို့ဖြစ်သည်။ ၎င်းတို့ရေးသားခဲံသည့်စာအုပ်များမှာ ချစ်လွန်း၍ ထုဆစ်ခဲ့သည်၊ ဗိုလ်ကြီးရဲ့နှင်းဆီ၊ အချစ်ထက် သာလွန်သော၊ My Step MOM’SEX BECOMES My Husband တို့ဖြစ်သည်။



