မနေ့က မတ်လ ၉ ရက် ညနေ ၃ နာရီ ဝန်းကျင်မှာ လားရှိုးမြို့နယ် ကြာကန်နောင်လိုင် (ခ) နောင်မိုကျေးရွာက အသက် (၃၀) ဝန်းကျင်အရွယ် အမျိုးသမီးဒေါ်အမ်ခေါဝ်တစ်ဦးဟာ ခြံရှင်းနေရင်း မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ကို ပေါက်ပြားနဲ့ ပေါက်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း အစ်မဖြစ်သူရဲ့ ပြောပြချက်အရ သိရပါသည်။၎င်းအမျိုးသမီးဟာ ခြေထောက်၊ လက်နဲ့ မျက်နှာက ဒဏ်ရာတွေကြောင့် ဒီနေ့ မတ်လ ၁၀ ရက်အထိတော့ လားရှိုးပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါသည်။



