စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် အောင်သာကျေးရွာရှိ စိုက်ခင်းများနှင့် တောင်ယာများတွင် ငရုတ်သီးစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်သဖြင့် နို့ဆီဘူး(၁)ဘူး (၁၅၀၀)ကျပ် (၁)ပြည် (၁၂၀၀၀)ကျပ်နှင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဝယ်ယူသူများပြားနေပြီး ငရုတ်သီးစိုက်ပျိုးသူများအနေဖြင့် တနေ့ဝင်ငွေ (၃၀၀၀၀)ကျပ်မှ(၄၀၀၀၀)ကျပ်အထိရရှိ၍ တစ်ဖက်တစ်လမ်းမိသားစုဝင်ငွေရရှိကြောင်းသိရသည်။



