တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွင်း ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် မိသားစုများ ခရီးသွားပြည်သူများ ခရီးသွားလာမှုအဆင်ပြေရေးအတွက်(၁၁.၃.၂၀၂၅) နေ့ တွင် မော်လမြိုင်ဘူတာကြီးမှ (၀၉း၁၀) နာရီ ထွက်ခွာမည့် အစုန်အထူးရထားသည်ရန်ကုန်ဘူတာကြီးသို့ ညနေ (၀၅း၅၅) နာရီတွင်ဆိုက်ရောက်မည်ဖြစ်ပါသည်။ (၁၂.၃.၂၀၂၅) နေ့တွင် ရန်ကုန်ဘူတာကြီးမှ နံနက် (၀၉း၁၅)နာရီ တွင် ထွက်ခွာလာမည့်အဆန်အထူး ရထားသည် မော်လမြိုင်ဘူတာသို့ ညနေ (၀၆း၀၀) နာရီတွင် ဆိုက်ရောက်လာမည်ဖြစ်ပါသည်။(၁၅.၃.၂၀၂၅) ရက်နေ့ တွင် မော်လမြိုင်ဘူတာမှ နံနက် (၀၉း၁၀) နာရီ ထွက်ခွာမည့် အစုန်အထူး ရထားသည် ရန်ကုန်ဘူတာကြီးသို့ (၀၅း၅၅) နာရီ တွင်ဆိုက်ရောက်မည် ဖြစ်ပါသည်။(၁၆.၃.၂၀၂၅) နေ့တွင် ရန်ကုန်ဘူတာကြီးမှ နံနက် (၀၉း၁၅)နာရီ တွင် ထွက်ခွာလာမည့်အဆန်အထူး ရထားသည် မော်လမြိုင်ဘူတာသို့ ညနေ (၀၆း၀၀) နာရီတွင် ဆိုက်ရောက်လာမည်ဖြစ်ပါသည်။မော်လမြိုင်ဘူတာကြီးမှ နေ့စဥ်ပြေးဆွဲနေသောအမှတ် (၈၂) အစုန် မော်လမြိုင်- ရန်ကုန် အမြန်ရထားသည် နေ့စဥ် ပုံမှန်အတိုင်းပြေးဆွဲပေးမည်ဖြစ်ပါသည်။အမှတ် (၈၂) အစုန်ရထားနှင့် အစုန်အထူး ရထားလက်မှတ်များအား အထက်တန်း၃ရက်ကြိုတင်၍လည်းကောင်း ရိုးရိုးတန်း လက်မှတ်များအား ၁ရက်ကြိုတင်၍ လည်းကောင်း မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင် နေ့စဥ် နံနက်(၀၇း၀၀) နာရီမှ နေ့လည် (၀၃း၀၀) နာရီထိ ရောင်းချပေးသွားမည်ဖြစ်ပါသည်။အစုန်အထူး ရထားရပ်တန့်ဘူတာ များမှာ မုတ္တမ၊ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေး ဘူတာများတွင်ရပ်တန့်ပေးသွားမည်ဖြစ်ပါသည်။



