back

နေပြည်တော်တွင် ယနေ့တစ်ရက်တည်း အမှိုက်ပုံမီး အပါအဝင် တောမီးနှင့်မြက်ခြောက်မီးလောင်မှု(၇)ကြိမ်ဖြစ်ပွား

Mar 10 • 12:11 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် ယနေ့တစ်ရက်တည်း အမှိုက်ပုံမီး အပါအဝင် တောမီးနှင့်မြက်ခြောက်မီးလောင်မှု(၇)ကြိမ်ဖြစ်ပွား

နေပြည်တော်ကောင်စီနယ်မြေအတွင်း ယနေ့ မတ်လ(၁၀) ရက် တစ်ရက်တည်းတွင် အမှိုက်ပုံမီးလောင်ကျွမ်းမှု အပါအဝင် တောမီးနှင့် မြက်ခြောက်မီးလောင်မှု (၇)ကြိမ် ဖြစ်ပွားခဲ့ကြောင်း...


နေပြည်တော်ကောင်စီနယ်မြေအတွင်း ယနေ့ မတ်လ(၁၀) ရက် တစ်ရက်တည်းတွင် အမှိုက်ပုံမီးလောင်ကျွမ်းမှု အပါအဝင် တောမီးနှင့် မြက်ခြောက်မီးလောင်မှု (၇)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယနေ့ နံနက် (၈)နာရီအချိန်ခန့်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၄)အနီးတွင် တောမီးလောင်မှုတစ်ကြိ မ်၊ နံနက်(၁၁)နာရီဝန်းကျင်၌ ရန်အောင်မြင်ဆည်အနီး၊ သဇင်လမ်းဘေးတွင် တောမီးလောင်မှု တစ်ကြိမ်၊ မွန်လွဲ (၁)နာရီအချိန်တွင် တပ်ကုန်းမြို့နယ်၊ဆရာစံရပ်ကွက်၊ ရွှေမိုးကောင်းဘုန်းကြီးကျောင်းအနောက်တွင် အမှိုက်ပုံမီးလောင်မှုတစ်ကြိမ်၊မွန်းလွဲ (၁)နာရီဝန်းကျင် အချိန်၌ပင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ လူမှုဖူလုံရေးရုံးအနီး တောမီးလောင်မှု တစ်ကြိမ်၊ မွန်းလွဲ (၂)နာရီဝန်းကျင်အချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၄၇)အနီးတွင် တောမီးလောင်မှုတစ်ကြိမ် ၊ ညနေ (၃)နာရီအချိန်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိဘောလုံးကွင်းအနီး မြက်ခြောက်မီးလောင်မှု တစ်ကြိမ်နှင့် ညနေ(၄)နာရီအချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သီရိရတနာလမ်းတွင် တောမီးလောင်မှုတစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



news-view-count-icon

26