back

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူကို ကင်းလွတ်ခွင့်မရှိ‌စေ‌ရေး ပြည်တွင်းအမျိုးသမီးအဖွဲ့ ၂၅ ဖွဲ့ ထုတ်ပြန်

Mar 10 • 12:13 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူကို ကင်းလွတ်ခွင့်မရှိ‌စေ‌ရေး ပြည်တွင်းအမျိုးသမီးအဖွဲ့ ၂၅ ဖွဲ့ ထုတ်ပြန်

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ နည်းမျိုးစုံနဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရှိ‌စေ‌ရေးအတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိလာအော...


အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ နည်းမျိုးစုံနဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရှိ‌စေ‌ရေးအတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိလာအောင် စဉ်ဆက်မပြတ် စောင့်ကြည့်တိုက်တွန်းသွားမယ်လို့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အမျိုးသမီးအဖွဲ့ ၂၅ ဖွဲ့က ထုတ်ပြန်ကြေညာထားပါသည်။ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကျူးလွန်မှုတွေဟာ စစ်ရာဇဝတ်မှုဖြစ်ကြောင်းနဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့အကြမ်းဖက်ခြင်း(ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း၊ ထိခိုက်နစ်နာစေတဲ့ရိုးရာဓလေ့တွေနဲ့နည်းပညာအရ အကြမ်းဖက်ခြင်း) တို့ဟာ ဘယ်လိုမှသည်းခံခွင့်လွှတ်လို့မရတဲ့ လူသားအချင်းချင်းအပေါ် တန်ဖိုးမထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေဖြစ်တယ်လို့ သိရပါသည်။




news-view-count-icon

17