အွန်လိုင်းစလော့ဂိမ်းများ ခေတ်စားလာခြင်းကြောင့် လူငယ်အများအပြား ဘဝပျက်ခြင်း၊ အကြွေးပိခြင်းနှင့် ထွက်ပြေးတိမ်းရှောင်ရခြင်းများ ဖြစ်ပေါ်နေသည်။ ငွေကြေးအနည်းငယ်ဖြင့် စတင်ဆော့ကစားနိုင်ခြင်းနှင့် အနိုင်ရရှိရန် လွယ်ကူသည်ဟု ထင်ရခြင်းတို့ကြောင့် လူအများအပြား စွဲလမ်းလာကြသည်။ အစပိုင်းတွင် အနိုင်ရသော်လည်း ရေရှည်တွင် ရှုံးနိမ့်ကာ အိမ်ထောင်ပရိဘောဂများ ရောင်းချရခြင်း၊ အကြွေးများတင်ခြင်းနှင့် မိသားစုစားဝတ်နေရေးထိခိုက်ခြင်းများ ဖြစ်ပေါ်လာသည်။



