back

မြန်မာနိုင်ငံတွင် EV ကားတင်သွင်းမှု ဖေဖော်ဝါရီတွင် နှစ်ဆမြင့်တက်

Mar 10 • 9:18 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် EV ကားတင်သွင်းမှု ဖေဖော်ဝါရီတွင် နှစ်ဆမြင့်တက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံသို့ EV ကားတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဇန်နဝါရီလထက် နှစ်ဆမြင့်တက်ခဲ့...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံသို့ EV ကားတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဇန်နဝါရီလထက် နှစ်ဆမြင့်တက်ခဲ့သည်။ ဇန်နဝါရီလတွင် EV ကားအစီးရေ ၃၀၄ စီး တင်သွင်းခဲ့ရာမှ ဖေဖော်ဝါရီလတွင် ၆၀၉ စီးအထိ တင်သွင်းခဲ့သည်။ ဇန်နဝါရီလတွင် Leap Motor T03 ၊ BYD Atto3 နှင့် HONGQI EQM5 မော်ဒယ်များ အများဆုံးတင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလတွင် GAC Toyota BZ4X ၊ DongFeng E70 နှင့် DongFeng Nammi 01 မော်ဒယ်များ အများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။ DongFeng အမှတ်တံဆိပ်သည် ဖေဖော်ဝါရီလတွင် အများဆုံးတင်သွင်းခဲ့သည့် အမှတ်တံဆိပ်ဖြစ်သည်။


news-view-count-icon

23