back

မြို့နယ်များတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Mar 10 • 9:17 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြို့နယ်များတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၇ နှင့် ၈ ရက်အတွင်း ကွန်ဟိန်း၊ တာချီလိတ်နှင့် သာစည်မြို့နယ်များ၌ စိတ်ကြွ...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၇ နှင့် ၈ ရက်အတွင်း ကွန်ဟိန်း၊ တာချီလိတ်နှင့် သာစည်မြို့နယ်များ၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့သည်။ မတ် ၇ ရက်တွင် ကွန်ဟိန်းမြို့နယ်က မအီစိန်၏ နေအိမ်မှ ဆေးပြား ၆၄,၁၀၀ ခု (တန်ဖိုး ကျပ် ၃၂၀ ဒသမ ၅ သိန်း)၊ တာချီလိတ်မြို့နယ်တွင် သက်နိုင်ဝင်း(ခ)ကိုသက်၏ HONDA INSIGHT ယာဉ်မှ ဆေးပြား ၂၄,၀၀၀ ခု (တန်ဖိုး ကျပ် ၁၆၈ သိန်း) ကို သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် မတ် ၈ ရက်တွင် သာစည်မြို့နယ်ရှိ HIGER ခရီးသည်တင်ယာဉ်တွင် ဆေးပြား ၁၀,၀၀၀ ခု (တန်ဖိုး ကျပ် ၁၅၀ သိန်း) သိမ်းဆည်းခဲ့ကြသည်။ ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။



news-view-count-icon

20