ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မတ် ၉ ရက်တွင် ပြည်ထောင်စုအဆင့် MSME ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးကို ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ပြပွဲကျင်းပရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ပြပွဲတွင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ ဘဏ်များ၊ UMFCCI၊ တိုင်းရင်းဆေး၊ MSME လုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများမှ ပြခန်းများနှင့် ဈေးဆိုင်များ ပါဝင်ပြသရောင်းချမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ထုတ်ကုန်အမယ်သစ်ဆု၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဆု၊ တီထွင်ဆန်းသစ်မှုဆု၊ အကောင်းဆုံးပြခန်းဆုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး MSME ဆု စသည့် ဆုအမျိုးအစား ငါးမျိုးကို ချီးမြှင့်မည်ဖြစ်သည်။ ပြပွဲသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစီးပွားရေးမြှင့်တင်ရေး၊ ပြည်ပသွင်းကုန်လျှော့ချရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးတို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။



