စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ ဝက်မွေးမြူရေးခြံနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကြူဝန်းခြံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေရေးနှင့် တိရစ္ဆာန်အစာနှင့် ရေ အလုံအလောက်ရရှိရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ရှိ ဒိုးကွင်ဥယျာဉ်ခြံသို့ သွားရောက်စစ်ဆေးကာ ပန်းမျိုးသစ်များ ထုတ်လုပ်ဖြန့်ဖြူးရေး၊ မျိုးစပ်မျိုးမြှင့်စိုက်ပျိုးနည်းပညာပေးရေး၊ ရေမြေဒေသနှင့် ကိုက်ညီသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်ခွမျိုးစပ်သုတေသနပြုရေးနှင့် စတော်ဘယ်ရီမူရင်းမျိုးများ ထိန်းသိမ်းမျိုးပွားရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။



