နွေရာသီကျောင်းပိတ်အားလပ်ရက်တွင် ကရင်ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌နွေရာသီအခြေခံအားကစားသင်တန်းကို ဘောလုံး၊ ပြေးခုန်ပစ်၊ ဂျူဒို၊ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ ကြက်တောင်၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ရေကူး၊ ဘတ်စကက်ဘော၊ စားပွဲတင် တင်းနစ်၊ ဗိုဗီနမ်၊ ခရစ်ကက်၊ ဟော်ကီ စသည့် အားကစားနည်း ၁၆ နည်းတွင် သင်တန်းသား၊ သင်တန်း သူ ၉၅၀ တက်ရောက်ကြပြီး အဆင့်မီ နည်းပြဆရာများဖြင့် မတ် ၁ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည်။



