၂၀၂၄ အကယ်ဒမီ ၁၆ ဆု ချီးမြှင့်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ခြောက်ကားက ရရှိခဲ့တာဖြစ်လို့ ရုပ်ရှင် ဆင်ဆာခွင့်ပြုချက်ရရှိခဲ့တဲ့ ရက်စွဲအလိုက် ဘိုးတော်ကင်း၊ ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ မီး၊ နှောင်၊ အိပ်မက်ကာရန်နဲ့ တိမ်ပန်းချီ ဇာတ်ကားတွေကို တစ်ကား သုံးရက်နှုန်းနဲ့ မတ်လ ၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရက်သတ္တသုံးပတ်ကြာ မြန်မာ့ရုပ်ရှင်ရက်သတ္တပတ် အဖြစ် ပြသသွားမှာဖြစ်ပါတယ်။တစ်ရက်ကို မွန်းလွဲ ၁ နာရီနဲ့ ညနေ ၄ နာရီတို့မှာ နှစ်ပွဲပြမှာ ဖြစ်ပြီး ၉-၃-၂၀၂၅ ရက်နေ့မှ ၁၁-၃-၂ဝ၂၅ ရက်နေ့ထိ ဘိုးတော်ကင်း၊ ၁၃-၃-၂၀၂၅ ရက်နေ့မှ ၁၅-၃-၂ဝ၂၅ ရက်နေ့ထိ ချစ်သူသာပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်၊ ၁၆-၃-၂ဝ၂၅ ရက်နေ့မှ ၁၈-၃-၂ဝ၂၅ ရက်နေ့ထိ မီး၊ ၂ဝ-၃-၂ဝ၂၅ ရက်နေ့မှ ၂၂-၃-၂ဝ၂၅ ရက်နေ့ထိ နှောင်၊ ၂၃-၃-၂ဝ၂၅ ရက်နေ့မှ ၂၅-၃-၂ဝ၂၅ ရက်နေ့ထိ အိပ်မက်ကာရန်၊ ၂၇-၃-၂ဝ၂၅ ရက်နေ့မှ ၂၉-၃-၂၀၂၅ ရက်နေ့ထိ တိမ်ပန်းချီတို့ ပြမှာဖြစ်ပါတယ်။



