ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ လောကမာန်အောင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ လဲကျသေဆုံး နေသည့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို မတ်လ ၈ရက်က တွေ့ရှိကြောင်း မြို့ခံများနှင့် လူမှုကူညီအသင်းများထံမှ သိရသည်။မိသားစုဝင်များ ဆက်သွယ်နိုင်ရန် သေဆုံးနေသူ၏ ဓာတ်ပုံဖြင့် လူမှုကွန်ရက်တွင် ဖော်ပြ၍ အကူအညီတောင်းခံ ခဲ့သော်လည်း ပိုင်ရှင် မပေါ်သဖြင့် လူမှုကူညီရေးအသင်း၏ အစီအစဉ်ဖြင့် မီးသင်္ဂြိုဟ်လိုက်ကြောင်း အဆိုပါအသင်း၏ အသင်းဝင်တစ်ဦးက ပြောသည် ။



