တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် အမျိုးအစားအလိုက် ကျပ် ၁၀၀၀ မှ ၂၀၀၀ ကျပ်နှင့် ဆန်ချောအမျိုးအစား တစ်အိတ်လျှင် ကျပ် ၅၀၀၀ ဈေးကျလာသည်ကိုတွေ့ရခြင်းဖြစ်သည်။သို့သော်ကြက်သွန်ဖြူနှင့် ကြည်သွန်နီ ဈေးနှုန်းများမှာ ယခုသီတင်းပတ်အတွင်း ဈေးအနည်းငယ် မြင့်တက်လျက်ရှိသည်။ပြီးခဲ့သည့်သီတင်းပတ် ဖြစ်သည့် မတ်လ ၁ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၃၃၀၀ ကျပ်မှ ယနေ့ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ ကျူကုတ်တစ်ပိဿာ ၁၄၅၀၀ ကျပ်မှ ယနေ့ ၁၅၀၀၀ ကျပ်ဖြစ်လာသည်။ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ ၂၀၀ ကျပ်၊ကြက်သွန်ဖြူ(ကျူကုတ်)တစ်ပိဿာ ၅၀၀ ကျပ် ဈေးတက်သွားသည်ကိုတွေ့ရသည်။ကြက်သွန်ဖြူ ထူး ၄ မှာ အသစ်ထွက်ရှိလာပြီး ထားဝယ်ဈေးကွက်၌ ယနေ့ တစ်ပိဿာ ၁၁၀၀၀ ကျပ်ဖြင့်ဈေးဖွင့်ထားသည်။




