မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို အပြီးသတ်ရှင်းလင်းနိုင်ပြီဟု ဘေဂျင်းမြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်တွင် ကျားဖြန့်များ အများအပြားရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။အွန်လိုင်းငွေလိမ်လုပ်ငန်း အားလုံးကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းပြီး အမြစ်ဖြတ်နှိမ်နင်းလိုက်ပြီဟု တရုတ်နိုင်ငံရေးခြားရေးဝန်ကြီးက ပြောသော်လည်း မူဆယ်ရှိ စွမ်ဆော်ရပ်ကွက်ထဲ၌ပင် အများအပြား ရှိနေသေးကြောင်း မူဆယ်ဒေသခံများက ပြောသည်။



