ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြေနီကုန်းတွင် ပထွေးဖြစ်သူက အသက် ၁၅ နှစ်အရွယ် မယားပါသမီးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့ခံ ပြည်သူတစ်ဦးထံမှ သိရသည်။အဓမ္မပြုကျင့်ခံရသူ မိန်းကလေး၏ မိခင်ဖြစ်သူမှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က အိမ်ထောင်ကွဲခဲ့ပြီးနောက် သမီးဖြစ်သူ ၅ နှစ်အရွယ် အရောက်တွင် လက်ရှိ ပေါင်းသင်းနေထိုင်သည့် အမျိုးသားနှင့် နောက်အိမ်ထောင်ပြုခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ရက်ပိုင်းက သမီးဖြစ်သူ ဟန်အမူအရာပျက်နေသည်ကို မိခင်ဖြစ်သူကသတိထားမိပြီး မေးမြန်းရာ ပထွေးဖြစ်သူက သူမကို လွန်ခဲ့သော ၃ နှစ်ခန့်ကတည်းက အဓမ္မပြုကျင့်လာခဲ့သည်မှာ ယနေ့ အချိန်အထိဖြစ်ကြောင်း၊ မိခင်ဖြစ်သူကို ပြန်ပြောပါက သ တ်ပြစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း စသည့် သူမ၏ဖြစ်စဉ်ကို မိခင်ဖြစ်သူအား ပြောပြခဲ့ကြောင်း သိရသည်။



