မြန်မာနိုင်ငံအခြေခံပညာရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ် လူရည်ချွန်စာရင်းထဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နှင့် မိုင်းဖြတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၈)ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါသည်။မိုင်းဖြတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ၅ ဦး၊ တာချီလိတ် အခြေခံပညာ အထက်တန်း ကျောင်းမှ ၂ ဦးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၁ ဦးတို့ လူရည်ချွန် အရွေးခံရကြောင်း သိရပါသည်။



