ယခုနောက်ပိုင်း ဆယ်ကျော်သက်အရွယ်မိန်းခလေးအများစု ဆေးလိပ်သောက်သုံးမှုများလာကြောင်း ရန်ကုန်မြိုခံပြည်သူများက သိရသည်။ဆယ်ကျော်သက်အရွယ် မိန်းခလေးအများစုသည် လမ်းဘေးပလက်ဖောင်း ၊ လက်ဘက်ရည်ဆိုင် နှင့် ဘီယာဆိုင် များတွင် အုပ်စုဖွဲ့၍ ဖက်ရှင်ဒီဇိုင်းပုံစံဖမ်းကာ ဆေးလိပ်သောက်သုံးလာကြခြင်းဖြစ်သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ထားသည့် ကြေငြာချက် များတွင် ဆေးလိပ်ကုမ္ပဏီများက ဖွံ့ဖြိုးဆဲ နိုင်ငံအများစုမှ အသက်မပြည့်သေးသည့် ကလေးများနှင့်အမျိုးသမီးများကို ပစ်မှတ်ထားပြီး စျေးကွက်ရှာဖွေနေကြကြောင်း ဆိုထားသည်။



