ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးရွာမှာ မြေစာပြိုကျမှုကြောင့် ကလေးတစ်ဦး သေဆုံးသွားခဲ့ပြီး
ဖြစ်စဉ်က မနေ့ မတ်လ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး တူးထားတဲ့ မြေစာပုံပြိုကျလို့ အသက် ၁၃ နှစ်အရွယ် မိုင်းညီဟိန်းဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါသည်။မြေစာပုံဖိထားတဲ့ မိုင်းညီဟန်းကို ဆေးရုံမှာ ဆေးကုသဖို့ခေါ်ဆောင်သွားခဲ့ပေမယ့် လမ်းတစ်ဝက်မှာတင် သေဆုံးသွားခဲ့တာဖြစ်ပါသည်။



