မတ်လ(၆)ရက်နေ့ ညပိုင်းက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ ထိခိုက်ခံစားရတဲ့ အိမ်ထောင်စု(၆)စုအတွက် မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်များ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ရေပုံး စသည်တို့ကို ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မတ်လ(၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခ့ကြောင်း သိရပါသည်။



