back

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့အထိမ်းအမှတ် အလှမယ်ပြိုင်ပွဲတွင် ကျောက်တံတားခရိုင် ကိုယ်စားပြုမှ မယွန်းအိမွန် Winner ဆု ဆွတ်ခူး

Mar 08 • 4:47 PM

breaking-news

မြန်မာ

ရန်ကုန်

cover

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့အထိမ်းအမှတ် အလှမယ်ပြိုင်ပွဲတွင် ကျောက်တံတားခရိုင် ကိုယ်စားပြုမှ မယွန်းအိမွန် Winner ဆု ဆွတ်ခူး

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးပြီး ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ် Miss Yangon 2025 ပြိုင်ပွဲကြီးကို ယ‌မန်နေ့နံနက် (၉)နာ...


ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးပြီး ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ် Miss Yangon 2025 ပြိုင်ပွဲကြီးကို ယ‌မန်နေ့နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ မြန်မာကွန်ဗင်ရှင်းစင်တာ (MCC) ခန်းမ၌ကျင်းပရာ ကျောက်တံတား ခရိုင်ကိုယ်စားပြုမှ မယွန်းအိမွန် Winner ဆု ဆွတ်ခူးရရှိခဲ့သည်။ယင်းပြိုင်ပွဲတွင် Winner ဆုရ မယွန်းအိမွန် (ကျောက်တံတားခရိုင်)၊ 1st Runner Up ဆု မဝင်းသော်တာ အောင် (မင်္ဂလာဒုံခရိုင်)၊ 2nd Runner Up ဆု မဝင်းပပမျိုး (ရန်ကုန်တက္ကသိုလ်)၊ 3rd Runner Up ဆု မမှူးပိုမို (ဆေးတက္ကသိုလ်၁)၊ 4th Runner Up ဆု မထက်တွယ်တာမိုး (ဒဂုံတက္ကသိုလ်)၊ 5th Runner Up ဆုရမရတီလှိုင် (သင်္ဃန်းကျွန်းခရိုင်) တို့ ရရှိသွားကြသည်။ Winner ဆုရ ငွေသား ကျပ် (၃၀) သိန်း၊ Skin Care ကျပ် (၃၀) သိန်း၊ ရတနာပစ္စည်း ကျပ် (၁၅) သိန်းတို့အား ချီးမြှင့်မည်။ Winner ဆုအပြင် 1st Runner Up မှ 5th Runner Up အထိ ငါးဆုကိုလည်းကောင်း၊ Title Award ခေါင်းစဉ်ဆု (၁၂)ဆုကိုလည်းကောင်း၊ ပါဝင်ယှဉ်ပြိုင်သူများ အားလုံးကို Participation Award ဆုများကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့သည်။


news-view-count-icon

13