ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ခေတ်မီ DEMU လူစီးရထားတွဲဆိုင်းသစ် အဲယားကွန်းလေအေး အမြန်ရထားများ ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းအပိုင်းကို ပြေးဆွဲနေ လျက်ရှိရာ ဖြူးဘူတာသို့အမှတ် (၇) အဆန်ရထားသည် နံနက် (၉)နာရီ၊ အမှတ် (၈) အစုန်ရထားသည် မွန်းလွဲ (၂)နာရီခွဲရပ်တန့်၍ ဖြတ်ကျော်ပြေးဆွဲကြောင်း သိရသည်။မန္တလေးက နံနက် (၆)နာရီ (၂၈) အစုန်လေအိတ်ရထား စတင်ထွက်ခွာလာရာကနေ နေပြည်တော် ရောက်တော့ DEMU လူစီးရထားတွဲဆိုင်းသစ် အဲယားကွန်းလေအေး အမြန်ရထား အမှတ် (၈) အစုန်ရထားနှင့် ဆက်လက်ထွက်ခွာပါတယ်။ ဒီရထားတွဲဆိုင်းသစ်များကို (၂၈-၂-၂၀၂၅) ရက်နေ့မှ စတင်ကာ ရန်ကုန်-ပဲခူး-ဖြူး-တောင်ငူ-နေပြည်တော်-မန္တလေး ဘူတာစဉ်များအဖြစ် ရပ်တန့်ပါတယ် ယခင်က ရန်ကုန်ကနေဖြူးကို (၅)နာရီလောက်ကြာပြီး ယခု DEMU ရထားတွေက (၃)နာရီလောက်ပဲ စီးနင်းလိုက်ပါနိုင်ပါတယ် ဖြူးဘူတာသစ်ကြီးကိုလည်း (၃၀-၈-၂၀၂၄)ရက်နေ့မှာ စတင်ပြောင်းရွှေ့ပါတယ် ဟုပြောသည်။



