သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓမြတ်စွာ ဘုရား၏ လက်ဝဲအောက် စွယ်တော်တွင် ရင်ငွေ့လှုံပူဇော်၍ ပင့်ဆောင်လာသည့် စွယ်တော်ပွား ၃ ဆူကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဘုရား ၃ ဆူတွင် လှူဒါန်းပူဇော် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက် ရှိသည့် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရင်ငွေ့လှုံပူဇော်၍ ပင့်ဆောင်လာသည့် စွယ်တော်ပွားများအနက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဘုရား ၃ ဆူတို့တွင် ကိန်းဝပ်ပူဇော်ထားရှိရန် စွယ်တော်ပွား ၃ ဆူအား မတ်လ (၇)ရက်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့သည်။ထိုသို့ လှူဒါန်းမှုအစီစဉ်တွင် အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ် နန်းမြို့ဆုတောင်းပြည့် စေတီတော်ရှိ ဆုတောင်းပြည့်မြတ်စွာဘုရား ဂန္ဓကုဋီတိုက်တွင် ကိန်းဝပ်ပူဇော်ထားရှိရန် လှူဒါန်းပေးအပ်ခဲ့ ကြောင်းနှင့် အများပြည်သူ ဖူးမြှော်နိုင်ရန် လှူဒါန်းပူဇော်ထားကြောင်း သိရှိရသည်။



