တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ နွေရာသီသင်တန်းတွေ မဖွင့်ဖို့ ပိတ်ပင်ထားတယ်လို့ ပညာရေးဝန်ထမ်းတွေကထံမှ သိရပါသည်။လက်ရှိအချိန်မှာ မန္တလေးမြို့မှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေအားလုံးဟာ သင်တန်းကြေး ပေးသွင်းထားမှုတွေအတွက် ငွေပြန်အမ်းပေးမှုတွေ ပြုလုပ်နေပေမဲ့ ရန်ကုန်မြို့နဲ့ နေပြည်တော်က ကျောင်းတချို့ကတော့ ကျောင်းဖွင့်ထားဆဲဖြစ်ပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ ကိုယ်ပိုင်ကျောင်း တည်ထောင်သူတစ်ဦးထံမှ သိရပါသည်။ကိုယ်ပိုင်ကျောင်းတွေကိုနွေရာသီသင်တန်းတွေ ဖွင့်ခွင့်ပိတ်ပင်ထားပေမဲ့ အခြေခံပညာကျောင်းတွေမှာတော့ ပန်းချီ၊ ပန်းပုနဲ့ အားကစားသင်တန်းတွေ၊ ယဥ်ကျေးလိမ်မာသင်တန်းတွေကို ဖွင့်လှစ်နေပြီး ကိုယ်ပိုင်ကျောင်းက ကျောင်းသား ကျောင်းသူတွေကိုလည်းအချိုးကျ တက်ရောက်စေဖို့လည်း ညွှန်ကြားထားတယ်လို့ ပညာရေးဝန်ထမ်းတွေထံမှ သိရပါသည်။



