အခုရက်ပိုင်း၊ မန္တလေးကုန်စိမ်းစျေးကွက်ထဲ၊ ဟင်းသီးဟင်းရွက်အချို့၊ အ၀င်နည်းပြီးစျေးနှစ်ဆမြင့်တက် နေကြောင်း သိရသည်။လတ်တလော ကုန်အ၀င်နည်းပြီး၊ စျေးနှစ်ဆမြင့်တက်နေတဲ့ဟင်းသီးဟင်းရွက်တွေကတော့ သံပုရာသီး၊ ဂေါ်ဖီ ထုပ်၊ ပန်းပွင့်အစိမ်း/အဖြူ၊ ခရမ်းသီး၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်းတို့ဖြစ်ကြောင်း သိရသည်။ ကုန်ပစ္စည်းရှားပါးမှု၊ စျေးမြင့်တက်မှုဖြစ်ပေါ်နေတာတွေနဲ့ပတ်သက်လို့၊ မန္တလေးကုန်စိမ်းစျေးကွက်ထဲကို၊ ကုန်စည်စီးဆင်းရာဒေသတွေမှာ၊ တိုက်ပွဲတွေဖြစ်ပွားနေလို့၊ လမ်းပန်းဆက်သွယ်ရေးအဆင်မပြေ ဖြစ်တာ ကြောင့် လို့ သိရသည်။မန္တလေးကုန်စိမ်းစျေးကွက်ထဲကို၊ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေဟာ၊ မန္တလေး-မိုးကုတ်လမ်းအတိုင်း မြောက်ဘက်မှလည်း ကောင်း၊ မန္တလေး-ပြင်ဦးလွင်လမ်းအတိုင်းအရှေ့ဘက်မှလည်းကောင်း၊ မန္တလေး-ရန်ကုန် ကားလမ်းဟောင်းအတိုင်း တောင်ဘက်မှလည်းကောင်း၊ မန္တလေး-မုံရွာလမ်းအတိုင်း အနောက်ဘက်မှလည်း ကောင်း အသီးသီး၀င်ရောက်ခြင်းဖြစ်သည်။



