ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် (၁) တံတား ပေါ်မှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ဖြတ်သန်းသွားလာနေသည့် လိုင် စင်မဲ့ကားများအား မြဝတီဒေသ တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ထိုသို့ စစ်ဆေးမှုများပြုလုပ်နေသဖြင့် မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ဝင်ရောက်သည့် ကားအစီးရေလျှော့ကျသွားပြီး၊ မဲဆောက်ဘက်သို့ ဝင်ရောက်သွားလာသည့် ကားအရေအတွက်မှာ အစီးရေ (၆၀၀) ကျော်သာရှိကြောင်း ယနေ့ မတ် ၈ ရက် ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁)တံတား မော်တော်ယာဉ်ဖြတ်သန်းသွားလာမှု စာရင်းအရ သိရသည်။



