ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင် မြို့နယ်နှင့်နားဖန့်မြို့နယ်တို့တွင် ပန်ဆန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးလုံးဝ မရရှိသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး အကြိမ်ပြည့်မရရှိသော (၅)နှစ်နှင့်အောက်လေးများအား Big Catch-up နည်းလမ်းဖြင့်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းလုပ်ငန်း ကို ၂၀၂၅ ခုနှစ် မတ်လ (၅)ရက်နေ့မှ (၇)ရက်နေ့ထိဆောင်ရွက် ပေးလျက်ရှိပါသည်။



