မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသောသူများကို ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို တာဝန်ရှိသူများကမေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး အထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာများရဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်မှု များကို အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ်နေ
Mar 08 • 3:37 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 22 | 0 | 0 | 0 |


