back

ထားဝယ်မြို့ မြို့တော်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID စနစ်ဖြင့် UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေခဲ့

Mar 08 • 3:36 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ထားဝယ်မြို့ မြို့တော်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID စနစ်ဖြင့် UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေခဲ့

ထားဝယ်မြို့ မြို့တော်ခန်းမ၌လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြ...

ထားဝယ်မြို့ မြို့တော်ခန်းမ၌လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားကတ်ပြားရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေလျက်ရှိပါတယ်။မတ်လ၇ရက်‌၊မွန်းလွဲပိုင်းတွင် ထားဝယ်မြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့်မိတ္တူလျှောက်ထားသူပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေခဲ့ပါတယ်။





news-view-count-icon

23