back

မြန်မာ့ရိုးရာ ပန်းပဲလုပ်ငန်း လုပ်ကိုင်သူနည်းပါးလာပြီး ပြည်တွင်းဈေးကွက်သာရရှိ၍ အဆင့်မြှင်တင်ရန်လိုအပ်ဟု စက်မှုဝန်ကြီးဌာနထုတ်ပြန်

Mar 08 • 3:34 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့ရိုးရာ ပန်းပဲလုပ်ငန်း လုပ်ကိုင်သူနည်းပါးလာပြီး ပြည်တွင်းဈေးကွက်သာရရှိ၍ အဆင့်မြှင်တင်ရန်လိုအပ်ဟု စက်မှုဝန်ကြီးဌာနထုတ်ပြန်

ပြည်ပမှကုန်ပစ္စည်းတွေ ဈေးနှုန်းသက်သာစွာဝင်ရောက်လာခြင်း၊ပညာသင်ယူရတဲ့ အချိန်ကြာမြင့်ခြင်း၊ မီးအပူ၊ သံအပူတို့ကို ခံစားရခြင်း၊ လိုရာပုံရရှိအောင်ထုရိုက်ရတဲ့အတွက်ပင်ပ...

ပြည်ပမှကုန်ပစ္စည်းတွေ ဈေးနှုန်းသက်သာစွာဝင်ရောက်လာခြင်း၊ပညာသင်ယူရတဲ့ အချိန်ကြာမြင့်ခြင်း၊ မီးအပူ၊ သံအပူတို့ကို ခံစားရခြင်း၊ လိုရာပုံရရှိအောင်ထုရိုက်ရတဲ့အတွက်ပင်ပန်းခြင်းတို့ကြောင့် မြန်မာ့ပန်းပဲပညာကို လက်ဆင့်ကမ်းသင်ယူ သူနည်းပါးလာတယ်လို့ သိရပါတယ်။သင်ယူသူတွေနည်းပါးလာတဲ့အတွက် သင်ယူကြဖို့နဲ့ ‘ပြည်တွင်းသံထည်ထုတ်ကုန်ပစ္စည်းများထုတ်လုပ်တဲ့ MSME လုပ်ငန်းတွေကို မိရိုးဖလာမှသည် ခေတ်နဲ့အညီ ပိုမိုအဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားဖို့လိုတယ်’လို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ စက်မှုဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ်။

news-view-count-icon

32