၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ်လ ၇ ရက်နေ့(ယနေ့) နံနက်ပိုင်းက (အခမဲ့) ကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းကို မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး(ကုတင်၅၀၀)၌ ဆရာဝန်ကြီးများက အသက် ၅၀ နှင့် အထက် ကျန်းမာရေးဝန်ထမ်းများကို အခမဲ့ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရပါသည်။



