back

ရှမ်းပြည် ကွတ်ခိုင်မြို့နယ်မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်

Mar 07 • 11:46 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည် ကွတ်ခိုင်မြို့နယ်မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်

ရှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသ...

ရှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ယနေ့ (မတ်လ ၇ ရက်) နေ့လယ်ပိုင်း၌ ပန်ယန်းခါးကျေးရွာတွင် ထားရှိသည့် ၎င်းသေဆုံးသူတို့၏ ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်မည်ဖြစ်ပြီးယမန်နေ့ (မတ်လ ၆ ရက်) ညပိုင်း၌ မုံးစီးကျေးရွာတွင် တရားဟောဆရာ၊ ကချင်လူကြီးများနှင့် ဆွေးနွေးခဲ့စဉ် သေဆုံးသူများ၏ အသုဘစရိတ်နှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ဆေးကုသစရိတ်တို့ကို တာဝန်ယူမည်ဖြစ်ပြီး ရွှေတူးဖော်မှုကိုလည်း ရပ်နားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။



news-view-count-icon

19