မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်သည်ထိုင်းလိဂ်ဝမ်းပြိုင်ပွဲမှ သတ်မှတ်တဲ့ တစ်လတာအကောင်းဆုံး ကစားသမား ( ၁၁ ) ဦးစာရင်းမှာ ပါဝင်ခဲ့ကြောင်းသိရပါသည်။မောင်မောင်လွင်သည် ထိုင်းလိဂ်ဝမ်းကလပ်အသင်းဖြစ်တဲ့ Lamphun Warrior အသင်းနဲ့ အတူ ကာလရှည်စာချုပ် ကျန်ရှိနေသေးပြီး ယခုနှစ် ရာသီမှာတော့ အသင်းအတွက် ( ၁၈ ) ပွဲကစားထားပြီး တစ်ဂိုးသွင်း ၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါသည်။



