ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ စတော့ရှယ်ယာစောင်ရေ ၁သိန်းခွဲ ကျော် ရှိခဲ့ပြီး အဲဒီရှယ်ယာတွေရဲ့ အရောင်းအဝယ်တန်ဖိုးဟာ ကျပ် ၄၇၃ သန်းကျော်ရှိခဲ့တယ်လို့ ရန် ကုန်စတော့အိတ်ချိန်းရဲ့စာရင်း အချက်အလက်တွေအရ သိရပါသည်။ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ သာမန်အရောင်းအဝယ်ပြုလုပ်တဲ့စနစ်အပါအဝင် စတော့အရေအတွက် အများအပြား အရောင်းအဝယ်ဖြစ်တဲ့ Block Trading စနစ်နဲ့ အရောင်းအဝယ်ဖြစ်မြောက်တဲ့ စတော့ရှယ်ယာစောင်ရေ စုစုပေါင်း ရှယ်ယာစောင်ရေ ၁သိန်း-၆သောင်းကျော် ရှိခဲ့ပါတယ်။ တန်ဖိုးငွေအားဖြင့် ကျပ် ၅၁၃သန်းကျော်ရှိခဲ့ပါတယ်။ဒါကြောင့် ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ရင် ဖေဖော်ဝါလအတွင်း Main Board မှာ စတော့ရှယ်ယာ အရောင်းအ ဝယ်တန်ဖိုး ကျပ် သန်း ၄၀ ကျော် လျော့ကျနေတာကို တွေ့ရပါတယ်။



