back

ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစု ရေရှားပါးမှု ကြုံနေရ

Mar 07 • 1:26 PM

breaking-news

မြန်မာ

ရှမ်း

cover

ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစု ရေရှားပါးမှု ကြုံနေရ

ရှမ်းပြည် ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရေရှားပါးမှု ပြဿနာများကြုံတွေ့ နေရကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေ...


ရှမ်းပြည် ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရေရှားပါးမှု ပြဿနာများကြုံတွေ့ နေရကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများဖြစ်သည် ဝါလီးကျေးရွာ၊ တောင်လေးကျေးရွာ၊ ပင်ခွန်ကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ ဆောင်းခါးကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ ဆောင်ပြောင်းကျေးရွာ ၊ထီဗွားကျေးရွာ နှင့် လိန့်ညားကျေးရွာများတွင် အဝီစိတွင်းရေများ မရှိသည့်အပြင် မိုးရေ နှင့် တောင်ကျရေကို အဓိက ထားသုံးနေရသည်။လက်ရှိရေရှားပါမှုကြောင့် ဒေသခံများ နှင့် စစ်ရှောင်များသည် အရေပြားရောဂါနှင့် ဝမ်းပျက်ဝမ်လျောရောဂါ များကို ရင်ဆိုင်ကြုံတွေ့နေရပြီး၊ ကျန်းမာရေးအတွက် အထောက်အကူပြုပစ္စည်းများဆေးဝါးများ၊ သောက်သုံးရေသန့်များလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသည့်အမျိုးသားထံမှ သိရပါသည်။



news-view-count-icon

28