ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်တွင် သီတဂူကေတုမတီ အာယုဒါနဆေးရုံတော်ကြီး ဖွင့်ပွဲအခမ်းအနားကို မတ်လ ၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး သီတဂူဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။ ဆေးရုံတော်ကြီးကို သီတဂူဆရာတော်ကြီးနှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆရာတော်ကြီးက အနုမောဒနာတရား ဟောကြားခဲ့သည်။



