ပြည်တွင်းသုံးစွဲပြီး ပိုလျှံသည့်ဝါဂွမ်းများကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး ဝါသီးနှံစိုက်ပျိုးရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရန်၊ ဝါဂွမ်းနှင့်ချည်ကို ပိုမိုထုတ်လုပ်နိုင်ရန်၊ နိုင်ငံတကာဈေးကွက်သို့ အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာ တင်ပို့နိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။



