နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားခရီးစဉ်အတွင်း သဘောတူညီခဲ့သည့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရုရှားစွမ်းအင်ဝန်ကြီးဌာနနှင့် ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းအနီး LNG Terminal တည်ဆောက်ရေး၊ ရေနံချက်စက်ရုံတည်ဆောက်ရေး၊ စက်သုံးဆီလိုအပ်ချက်များ ဖြည့်ဆည်းရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။



