မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဆောင်ရွက်သော နေရောင်ခြည်စွမ်းအင်ပြခန်း၊ ဆိုလာသင်တန်းစင်တာ နှင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာတို့ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ MSME များဖွံ့ဖြိုးရေးအတွက် အစားအသောက်ဓာတ်ခွဲခန်းစင်တာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နေရောင်ခြည်စွမ်းအင်ရင်းမြစ်များမှ လျှပ်စစ်ဓာတ်အားကို အကျိုးရှိရှိ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ဆိုလာအသိပညာများနှင့် ခေတ်မီနည်းပညာများကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြားခဲ့သည်။



