ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်သည့် ဘုရားဖူးဧည့်သည်များ အလွယ်တကူလိုက်ပါစီးနှင်းနိုင်ရန် တောင်တက်မော်တော်ယာဉ် အစီးရေ ၁၅၀ ဖြင့် နေစဉ်ပြေးဆွဲပေးနေကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။ဘုရားဖူးဧည့်သည်များအတွက် အခမဲ့ တည်းခိုဆောင်များလည်း စီစဉ်ထားပေးပြီး အခပေးတည်းခိုဆောင်များအပြင် ရင်ပြင်တော်တွင်လည်း တည်းခိုနေထိုင်သူများပြားလျက်ရှိကြောင်း သိရသည်။



