back

MPT က လူငယ်များအတွက် အကျိုးရှိစေမည့် အဆင့်မြှင့်တင်ထားသော MPT ၏ CSR E-Learning အစီအစဉ် အသွင်သစ်နှင့်အတူ မိတ်ဖက်အဖွဲ့အစည်း အသစ် (၃)ခုကို မိတ်ဆက်

Mar 06 • 2:18 PM

breaking-news

မြန်မာ

ရန်ကုန်

cover

MPT က လူငယ်များအတွက် အကျိုးရှိစေမည့် အဆင့်မြှင့်တင်ထားသော MPT ၏ CSR E-Learning အစီအစဉ် အသွင်သစ်နှင့်အတူ မိတ်ဖက်အဖွဲ့အစည်း အသစ် (၃)ခုကို မိတ်ဆက်

MPT သည် နိုင်ငံတစ်ဝန်းရှိ ပညာရေးနှင့် ပတ်သက်ပြီး အခွင့်အရေးနည်းပါးသော လူငယ်များအတွက် ဆောင်ရွက်ထားသည့် အခမဲ့အွန်လိုင်းပညာရေးတစ်ခုဖြစ်သည့် CSR အီလက်ထရွန်းနစ်နည်းပ...


MPT သည် နိုင်ငံတစ်ဝန်းရှိ ပညာရေးနှင့် ပတ်သက်ပြီး အခွင့်အရေးနည်းပါးသော လူငယ်များအတွက် ဆောင်ရွက်ထားသည့် အခမဲ့အွန်လိုင်းပညာရေးတစ်ခုဖြစ်သည့် CSR အီလက်ထရွန်းနစ်နည်းပညာသုံး ပညာရေးပလက်ဖောင်းအစီအစဉ် (MPT ၏ CSR E-Learning အစီအစဉ်) ကို ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများပေးအပ်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းအသစ် (၃) ခုကို မိတ်ဆက်လိုက်ပါသည်။ MPT ၏ CSR E- Learning အစီအစဉ်တွင် ထပ်မံတိုးချဲ့ပေးအပ်ထားသည့် သင်ခန်းစာများမှာ အလှအပရေးရာအတွက် Katy (KT)– KANEBO Global မှ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပြီး ကိုယ်တိုင်မိတ်ကပ်လိမ်းခြယ်နည်း၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်းနှင့် အသားအရေ ထိန်းသိမ်းမှုနည်းလမ်းများပါဝင်သည့် သင်ခန်းစာ (၁၀) ခုကို ပေးအပ်ထားပါသည်။  ဒေါ်သန်းသန်းနိုင် (တရုတ် ဘာသာစကား ဆရာမ)- တရုတ်စာသင်ကြားမှုအတွေ့အကြုံ (၁၇) နှစ်‌ကျော် ရှိပြီး တရုတ်ဘာသာစကား အခြေခံသင်ခန်းစာ (၂၅) ခုကို ပေးအပ်ထားပါသည်။ ပုရပိုက် မီဒီယာ လီမိတက်- ပညာရေးနည်းပညာဝန်ဆောင်မှုပေးသည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး “ဒေတာခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ” သင်ခန်းစာနှင့် ကြီးကြပ်ရေးကျွမ်းကျင်မှုများအတွက် အခြေခံ သင်ခန်းစာများကို ပေးအပ်ထားပါသည်။ 



news-view-count-icon

21